ငွေရည်ပုလဲကုမ္ပဏီအုပ်စု သံတောင်ဦးကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှတ်ပုံတင် အမှတ် (၁၁၇၈၀၀၉၃၈) ဖြင့် ၂၀၁၈ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ငွေရည်ပုလဲကုမ္ပဏီအုပ်စု၊ ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်၏ အမှတ်(၁)သကြားစက်ရုံ(ဆမ္မဆယ်)နှင့် အမှတ်(၂)သကြားစက်ရုံ (အင်းဝိုင်း) တို့ တည်ရှိမှုကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများ၏ လူမှုရေး၊ စီးပွားရေးတိုးတက်မြင့်မားလာခြင်းနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာခြင်းအား မျက်မြင်တွေ့ရှိသဘောကျနှစ်သက်သည့်အတွက် မိုင်းရယ်မြို့နယ်အတွင်းရှိတောင်သူများမှ ၎င်းတို့၏ ဒေသတွင်းလည်း သကြားစက်ရုံ တည်ဆောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ကမ်လှမ်းခဲ့ပါသည်။

ငွေရည်ပုလဲကုမ္ပဏီအုပ်စု၏ သံတောင်ဦးကုမ္ပဏီလီမိတက်သည် နိုင်ငံတော်၏စိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍမြင့်မားတိုးတက်ရေး၊ တောင်သူများ၏ လူမှုရေး၊ စီးပွားရေးတိုးတက်မြင့်မားလာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများအား ရှေးရှုပြီး ဒေသခံတောင်သူများအား ကြံစိုက်ပျိုးနည်းသင်တန်းများပို့ချခြင်း၊ လက်တွေ့စိုက်ပျိုးပေးခြင်း၊ ကြံစိုက်ရန်လိုအပ်သော ဆက်စပ်ပစ္စည်းများအား ပံ့ပိုးပေးခြင်း နှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် လမ်း၊ တံတားများ ဆောက်လုပ်ပေးခြင်း နှင့် ယခုအခါအတွင် စက်ရုံအနီးနားဝန်းကျင်ရှိကျေးရွာများ လျှပ်စစ်မီးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ တောင်သူများ၏ ကမ်းလှမ်းဖိတ်ခေါ်ချက်အရ ငွေရည်ပုလဲကုမ္ပဏီအုပ်စု၏ သံတောင်ဦးကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စုတွင် တစ်နေ့လျှင် ကြံတန်ချန် (၅၀၀၀) ကြိတ်ဝါးသည့် သကြားစက်ရုံစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု‌ကော်မရှင် ခွင့်ပြုမိန့်အမှတ် ၂၀၉/ ၂၀၂၉ ဖြင့် ၂၀၁၉ခုနှစ်၊ နိုင်ဝင်ဘာလ ၂၇ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၁ခုနှစ် မတ်လ (၁၅)ရက်‌နေ့မှ စတင်၍ သကြားဖြူ (White Sugar)ကို ခေတ်မီနည်းပညာများကို အသုံးပြုပြီး အရည်သွေးမြင့်ထုတ်ကုန်များအား ထုတ်လုပ်၍ သုံးစွဲသူများအပေါ်တွင် စေတနာထား အစဥ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။


VISION


Actively take part in the development of Myanmar economy relating with aggro-based industrial sector and make Than Daung Oo Co., Ltd. the company of choice in the manufacture of sugar and other related products. 

စိုက်ပျိုးရေးကို  အခြေခံသည့် စက်မှုလုပ်ငန်းနှင့် ဆက်စပ်သော မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုကဏ္ဍတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်နှင့် သကြားနှင့် အခြားဆက်စပ်ပစ္စည်းထုတ်ရန် လုပ်ငန်းများတွင် လက်‌‌ရွေးစင်ကုမ္ပဏီအဖြစ် ရေရှည်ရပ်တည်ဆောင်ရွက်သွားရန် ဖြစ်သည်။


MI SS IO N


To consistently satisfy diverse expectation of stakeholders through efficient and ethical practices. Enhancing and conserving the environment and development of local communities.

သကြားလုပ်ငန်းနှင့် ဆက်စပ်သူအားလုံး၏ မျှော်လင့်တောင့်တချက်များကို ထိရောက်စွာဂုဏ်သိက္ခာရှိသော ကျင့်စဥ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်သွားပါမည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လျက် ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားတိုးတက်စေရန် ဆောင်ရွက်သွားပါမည်။



Contact Information

      78th Street, Between 26th & 27th Street, Chan Aye Tharzan Township, Mandalay City, Myanmar.

      +959891000988, +959891000989

      info@thandaungoo.com


An address must be specified for a map to be embedded